Breaking News >> News >> Democratic Voice of Burma


မဲဆောက်တွင် သေနတ်နှင့် မှန်ဘီလူးအချို့ ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


Link [2022-02-04 01:33:03]



မြန်မာ-ထိုင်းနယ်စပ်၊ မဲဆောက်မြို့နယ်၊ မဟာ၀မ်စီရင်စု၊ မဲ့ကိုကင်းကျေးရွာ ရပ်ကွက် ၄ အပိုင် သောင်းရင်းမြစ်အနီးမှာ ဖေဖော်ဝါရီ ၃ ရက် နေ့လယ်က ထိုင်းနယ်ခြားစောင့်တပ်က ရိုင်ဖယ်သေနတ်အသစ် ၇ လက်နဲ့ မှန်ဘီလူး ၃ ခုကို သိမ်းဆည်းရမိခဲ့တယ်လို့ ထိုင်းဒေသတွင်း သတင်းတွေအရ သိရပါတယ်။ DERYA MK  ၁၂ အမျိုးအစား အရှည် ၄ လက်၊ DERYA MK  9 MM ၃ လက်၊  မှန်ဘီလူး ၃ ခုနဲ့ ဆက်စပ်ပစ္စည်းတွေကို နယ်ခြားသောင်ရင်းမြစ်အနီး မြက်တောထဲကနေ ထိုင်းနယ်ခြားစောင့်တပ်က ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့တာပါ။ အဆိုပါ ဖမ်းဆီးရမိခဲ့တဲ့ လက်နက်တွေနဲ့ မှန်ဘီလူးတွေဟာ အသုံးမပြုရသေးတဲ့ စက်ရုံထုတ်ပါကင်ပိတ်တွေဖြစ်ပြီး မြဝတီမြို့နယ်ဘက်ခြမ်းကို မပို့ဆောင်မီ  ထိုင်းနယ်ခြားစောင့်တပ်က သိမ်းဆည်းရမိခဲ့တာပါ။

Most Read

2024-09-23 00:30:56