Breaking News >> News >> Democratic Voice of Burma


လှိုင်းဘွဲမြို့တွင် တပ်ထောက်ခံပွဲ ဦးဆောင်သူ ၇ ဦးကို အမည်မသိလက်နက်ကိုင်များ ဖမ်းဆီး


Link [2022-02-04 01:33:03]



ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့မှာ စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့် တပ်ထောက်ခံပွဲ ဦးဆောင်ပြုလုပ်ခဲ့သူ ၇ ဦးကို အမည်မသိလက်နက်ကိုင်တွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၃၁ ရက် ညနေပိုင်းက စစ်အာဏာသိမ်း ၁ နှစ်ပြည့်အကြို တပ်ထောက်ခံပွဲကို ကိုသန်းဇော်ဦးအပါအဝင် ဒေသခံ ၇ ဦး ဦးဆောင်ပြုလုပ်ခဲ့တာကြောင့် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ဒီကနေ့အထိ ဘယ်မှာဖမ်းဆီးထားမှန်း မသိရဘူးလို့ ဆိုပါတယ်။ လှိုင်းဘွဲမြို့ခံ တစ်ဦးက “တပ်ထောက်ခံပွဲကို သူတို့ ၇ ယောက်ကဦးဆောင်ပြီးလုပ်ခဲ့တာ။ ပြီးတော့ ဒီကောင်တွေ အိမ်မှာ လဝက ဝန်ထမ်းတွေ၊ တပ်နဲ့ ရဲတွေက အဝင်အထွက်ရှိတယ်။ အမြီးရအမြီးစားနေတဲ့ကောင်တွေ။ တပ်ထောက်ခံပွဲကို ဒေသခံတွေက ဘယ်သူမှမသွားဘူး။ ဖမ်းခံရတာတောင် နည်းသေးတယ်။ အကြမ်းဖက် အားပေးတဲ့ဒလန်တွေ အကုန်ရှင်းပစ်ရမှာ” လို့ […]

Most Read

2024-09-23 00:27:34