Breaking News >> News >> Democratic Voice of Burma


အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးအတွက် နိုင်ငံရေးနယ်ပယ်မှမဟုတ်သည့် မြန်မာကိုယ်စားလှယ်ကို ဖိတ်ကြား


Link [2022-02-04 01:33:03]



မြန်မာစစ်တပ်က ခန့်အပ်ထားတဲ့ နိုင်ငံခြားရေးဝန်ကြီးကိုမဖိတ်ဘဲ နိုင်ငံရေးနယ်ပယ်ကမဟုတ်တဲ့ ကိုယ်စားလှယ်တယောက်ကို အခုလနှောင်းပိုင်းမှာ ကျင်းပမယ့် အရှေ့တောင်အာရှနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တက်ရောက်ဖို့ ဖိတ်ကြားထားကြောင်း ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ အာဆီယံ ဘုံသဘောတူညီချက်တွေ တိုးတက်မှု အားနည်းနေချိန်မှာ မြန်မာနိုင်ငံစစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီးကို အစည်းအဝေးဖိတ်ကြားဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီမှု မရရှိသေးကြောင်း ကမ္ဘောဒီးယား နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ချွမ်ဆောင်နရီရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။ ကမ္ဘောဒီးယားဟာ အဖွဲ့ဝင် ၁၀ ဦးပါ အာဆီယံအဖွဲ့ရဲ့လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌဖြစ်ပြီး ဖေဖော်ဝါရီ ၁၆ ရက်နဲ့ ၁၇ ရက်တို့မှာ ဝန်ကြီးအဆင့် အစည်းအဝေးကို အိမ်ရှင်အဖြစ် ပထမဆုံးအကြိမ် လက်ခံကျင်းပတော့မှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ထိုင်ခုံနေရာ အလွတ်ထားမယ့်အစား အစည်းအဝေးမှာ မြန်မာနိုင်ငံကို ကိုယ်စားပြုဖို့ […]

Most Read

2024-09-23 00:30:56