Breaking News >> News >> Democratic Voice of Burma


နတ်မောက်နှင့် ရေစကြိုတွင် စစ်ကောင်စီတပ်သားနှင့် ရဲအပါအဝင် ၃ ဦး ပစ်ခတ်တိုက်ခိုက်ခံရ


Link [2022-02-03 06:32:51]



မကွေးတိုင်း နတ်မောက်မြို့နယ်မှာ ဖေဖော်ဝါရီ ၂ ရက်နေ့ မွန်းလွဲပိုင်းက ဆိုင်ကယ်နဲ့ ရှေ့ပြေးလာတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်နဲ့ ရဲတစ်ယောက် ပစ်ခတ်တိုက်ခိုက်ခံရပြီး သေဆုံးခဲ့တယ်လို့ နတ်မောက်အခြေစိုက် ငါးပြေမ ပြောက်ကျားတပ်ဖွဲ့ဆီက သိရပါတယ်။ နတ်မောက်မြို့နယ် ရွှေပန်းတော ရဲစခန်းကနေ ဇရပ်ကွင်းဘက်ကို သွားတဲ့ စစ်ကောင်စီတပ်သားတစ်ယောက်နဲ့ ရဲတစ်ယောက်အတူ စီးလာတဲ့ ရှေ့ပြေးဆိုင်ကယ်ကို ဖက်တောရွာနားမှာ ဗိုလ်ငါးပျံနဲ့ ဗိုလ်ငါးမဲလုံးတို့ ဦးဆောင်တဲ့တပ်ဖွဲ့က မွန်းလွဲ ၂ နာရီလောက် မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ ငါးပြေမပြောက်ကျားတပ်ဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ငါးခူက ဒီဗွီဘီကို ပြောပါတယ်။ “သူတို့နောက်ကနေ ပါလာတဲ့ ပြည်သူဆိုင်ကယ်ကို ငဲ့လိုက်လို့ မိုင်းကို ထိထိမိမိမဆွဲလိုက်ရဘူးဗျ။ တစ်ယောက်ကတော့ ပွဲချင်းပြီးသေတယ်။ နောက်တစ်ယောက်က သူ့မှာပါတဲ့ သေနတ်နဲ့ ခံပစ်နေလို့ အပြန်အလှန်ပစ်ခတ်ပြီး သုတ်သင်နိုင်ခဲ့တယ်။”  သေဆုံးသွားသူတွေကတော့ နတ်မောက်အခြေစိုက် ဆက်သွယ်ရေးတပ်သားနဲ့ […]

Most Read

2024-09-23 00:35:45