Breaking News >> News >> Democratic Voice of Burma


ဂီနီဘစ်ဆောင်နိုင်ငံတွင် အာဏာသိမ်းရန် ကြိုးပမ်းမှု မအောင်မြင်


Link [2022-02-03 06:32:51]



အာဖရိကအနောက်ပိုင်း အတ္တလန္တိတ်သမုဒ္ဒရာ ကမ်းရိုးတန်းရှိ  ဂီနီဘစ်ဆောင်နိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းဖို့ ကြိုးစားမှုဖြစ်ခဲ့တယ်လို့ သမ္မတ အူမာရိုဆစ်ဇိုကို အမ်ဘာလိုက ပြောပါတယ်။ အစိုးရအဖွဲ့အစည်းအဝေး စပြီးပြီးချင်းမှာ တိုက်ခိုက်သူတွေက အစိုးရအဖွဲ့ရုံးထဲဝင်ဖို့ ကြိုးစားခဲ့ပေမဲ့ တွန်းလှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ သမ္မတက ညနေခင်းမှာ ပြောပါတယ်။ ဒါဟာ အာဏာသိမ်းဖို့ကြိုးစားမှု သက်သက်မဟုတ်ဘဲ သမ္မတနိုင်ငံမှာ သမ္မတနဲ့ အစိုးရအဖွဲ့ဝင် အားလုံးကို သတ်ဖို့ကြိုးစားမှုလည်းဖြစ်ပြီး ဒါပေမဲ့ သူတို့ မဝင်နိုင်ခဲ့ဘူးလို့ သမ္မတက ပြောပါတယ်။ သမ္မတက အစိုးရအဖွဲ့ အစည်းအဝေးကို သဘာပတိအဖြစ် ကြီးမှူး ကျင်းပနေတဲ့ အစိုးရအဖွဲ့ရုံး နားမှာ သေနတ်သံတွေ အကြီးအကျယ် ပေါ်ထွက်ခဲ့တာပါ။ တိုက်ခိုက်သူတွေဟာ ကောင်းကောင်းပြင်ဆင် ဖွဲ့စည်းစီစဉ်ထားတယ် မူးယစ်ကုန်ကူးမှုထဲမှာ ပါဝင်ပတ်သက် နေတဲ့သူတွေဖြစ်နိုင်တယ်လို့ သမ္မတက ပြောပေမယ့် နောက်ထပ် […]

Most Read

2024-09-23 00:33:56