Breaking News >> News >> Democratic Voice of Burma


အိန္ဒိယအရှေ့ဘက် ကျောက်မီးသွေးတွင်းဟောင်းပြိုကျပြီး ၅ ဦးသေဆုံး


Link [2022-02-03 06:32:51]



အိန္ဒိယရဲ့အရှေ့ဘက် ဂျခန်းပြည်နယ်ရှိ အစိုးရကျောက်မီးသွေးကုမ္ပဏီပိုင် စွန့်ပစ်သတ္တု တွင်းဟောင်း တခုကို ဒေသခံအချို့ ဝင်ရောက်တူးဖော်ပြီး၊ တွင်းပြိုကျမှုကြောင့် ၅ ယောက် သေဆုံးခဲ့ပါတယ်။ ပြည်နယ်မြို့တော် ရန်းချီနဲ့ ကီလိုမီတာ ၄၀၀ အကွာမှာရှိတဲ့ သတ္တုတွင်းဟောင်းကို ဝင်ရောက်တူးသူတွေဟာ ပရောဖက်ရှင်နယ် မိုင်းတွင်းလုပ်သားတွေမဟုတ်ဘူးလို့ ရဲက ပြောပါတယ်။ အိန္ဒိယမှာ ကျောက်မီးသွေးတူးဖော်မှုဟာ အန္တရာယ်အများဆုံး လုပ်ငန်းဖြစ်နေပြီး ၂၀၂၀ ခုနှစ် အတွင်း ၁၂ ရက်တိုင်း မိုင်းလုပ်သား တယောက် သေဆုံးခဲ့တယ်လို့ အစိုးရက ထုတ်ပြန်ပါတယ်။ 

Most Read

2024-09-23 00:35:45