Breaking News >> News >> Democratic Voice of Burma


မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအန်း၏ ဇနီးနှင့် အဒေါ် နှစ်သစ်ကူးပွဲတွင် လူထုရှေ့ထွက်ပြ


Link [2022-02-03 06:32:51]



မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းရဲ့ ဇနီးနဲ့ ဩဇာကြီးမားတဲ့အဒေါ်ဖြစ်သူတို့  ဖေဖော်ဝါရီ ၁ ရက်က အများပြည်သူရှေ့ ရှားရှားပါးပါး ထွက်ပြပြီး နှစ်သစ်ကူးအားလပ်ရက် ဆင်နွှဲခဲ့ကြောင်း နိုင်ငံပိုင်ရုပ်သံ KRT က နောက်တနေ့မှာ ထုတ်လွှင့်ပြသပါတယ်။ သမ္မတကင်၊ ဇနီး ရီဆိုဂျူးနဲ့ အဒေါ်ဖြစ်သူ ကင်ကျုံဟွီးတို့ ပြုံယမ်းမြို့တော်ရှိ အနုပညာကဇာတ်ရုံ ကပွဲမှာ အတူ တွေ့ရတာပါ။ First Lady ရီဆိုဂျူးကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ၉ ရက်မှာ ကင်ဂျုံအန်းရဲ့အဘိုး တိုင်းပြည်ထူထောင်သူ ကင်အီဆွန်းရဲ့ ရုပ်အလောင်းဗိမာန်ကို ခင်ပွန်းနဲ့အတူ သွားရောက်ခဲ့စဉ်က နောက်ဆုံးမြင်တွေ့ရတာပါ။ အဒေါ်ဖြစ်သူ ကင်ကျုံဟွီးဟာ ကင်ဂျုံဟွီး အာဏာရခါစအချိန်က မြောက်ကိုရီးယားမှာ ဩဇာအရှိဆုံးသူဖြစ်ခဲ့ပြီး ၂၀၁၃ မှာ ခင်ပွန်းဖြစ်သူကို သစ္စာဖောက်စွပ်စွဲချက်နဲ့ ကွပ်မျက်ခံရပြီး နောက် အများမြင်ကွင်းနေ ပျောက်သွားပါတယ်။  […]

Most Read

2024-09-23 00:32:05