Breaking News >> News >> Democratic Voice of Burma


သက္ကလမြို့ အုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲတိုက်ခိုက်ခံရ


Link [2022-02-03 06:32:51]



ပဲခူးတိုင်း သက္ကလမြို့အုပ်ချုပ်ရေးမှူးရုံးကို ဖေဖော်ဝါရီ ၂ ရက်နေ့မနက် ၆ နာရီကျော်က မိုင်းခွဲတိုက်ခိုက်ခဲ့တယ်လို့ ကဝမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KPDF ကနေ သိရပါတယ်။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ နွေဦးတော်လှန်ရေး တစ်နှစ်တာ ကာလအတွင်းမှာ ပြည်သူနဲ့ တစ်သားတည်းရှိတယ်ဆိုတာ ပြသတဲ့အနေနဲ့ သက္ကလမြို့ အုပ်ချုပ်ရေးမှူးရုံးကို အဝေထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်ပျက်စီးမှုရှိနိုင်တယ်လို့ KPDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။ KPDF က နောက်ထပ်ပစ်မှတ် ၂ ခုကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ဖို့ စီစဥ်ထားပေမယ့် စစ်ကောင်စီတပ်တွေနဲ့ ရဲတွေက ဖြုတ်ယူသွားတာကြောင့် မအောင်မြင်ခဲ့ဘူးလို့ ဆိုပါတယ်။ “ဒီကနေ့ မနက်အစောပိုင်းက အုပ်ချုပ်ရေးမှူးရုံးဘက်မှာ ပေါက်ကွဲသံ အကျယ်ကြီးကြားရတယ်ဗျ။ လူတွေ ထိခိုက် ဒဏ်ရာရတယ်လို့တော့မကြားမိဘူး။ အဆောက်ဦတော့ နည်းနည်းပျက်စီးသွားလောက်တယ်။ […]

Most Read

2024-09-23 00:27:19