Breaking News >> News >> Democratic Voice of Burma


တွံတေးမြို့နယ်၌ စစ်ကောင်စီပစ်မှတ်များကို မြို့ပြပြောက်ကျားတပ်က ပစ်ခတ်တိုက်ခိုက်


Link [2022-02-02 18:53:15]



ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်မှာ ဖေဖော်ဝါရီ ၁ ရက်  မနေ့ညပိုင်းက  မိုင်တဲတာဝါတိုင်စောင့် စစ်သားတွေကို ဗုံးပစ်လောင်ချာနဲ့ တိုက်ခိုက်နိုင်ခဲ့သလို စစ်ကောင်စီအလိုကျလုပ်ဆောင်နဲ့ ဌာနဆိုင်ရာတချို့ကိုလည်း ဖောက်ခွဲ သတိပေးခဲ့တယ်လို့ တွံတေးမြို့ပြပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ပျံလွှားအောင်စစ်ဆင်ရေး တွန်းလှန်မှုတခုအနေနဲ့  မနေ့ည ၇ နာရီခွဲက စမ်းရွာကျေးရွာ မိုင်တဲတာဝါတိုင်စောင့် စစ်သားတွေကို ဗုံးပစ်လောင်ချာနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်သားတွေကလည်း အချက် ၅၀ လောက် ပြန်ပစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်ခွာနိုင်ခဲ့ပြီး စစ်သားတွေ ထိခိုက်သေဆုံးနိုင်ပေမဲ့ အတိအကျမသိရသေးဘူးလို့လည်း ထုတ်ပြန်ပြောဆိုထားပါတယ်။ မနေ့ မနက် ၄ နာရီကလည်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ရဲ့ နာမည်ပျက်စာရင်းဝင် ကြံ့ခိုင်ရေးပါတီအမတ်ဟောင်း ဦးအုန်းကြွယ်ပိုင်တဲ့ ချမ်းမြေ့ဂုဏ်ဆီဆိုင်ကို ဖောက်ခွဲ တိုက်ခိုက်ခဲ့သေးတယ်လို့ ထုတ်ပြန်ထားပါတယ်။ ဒါ့အပြင် ဇန်နဝါရီ […]

Most Read

2024-09-23 00:27:55