Breaking News >> News >> Democratic Voice of Burma


စစ်ကောင်စီပြုတ်ကျရေး အဆုံးထိတော်လှန်မည်ဟု ကေအန်ယူ တပ်မဟာ (၁) ဥက္ကဋ္ဌပြော


Link [2022-02-02 18:53:15]



အာဏာသိမ်း စစ်ကောင်စီပြုတ်ကျရေးအတွက် ပြည်သူတွေနဲ့ပူးပေါင်းပြီး အဆုံးထိ တော်လှန်သွားမယ်လို့ ကရင်အမျိုးအစည်းအရုံး (ကေအန်ယူ) တပ်မဟာ (၁) သထုံခရိုင် ဥက္ကဋ္ဌအသစ် ပဒိုစောစိုးမြင့်က ပြောဆိုလိုက်ပါတယ်။  ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင်ရဲ့ ၁၂ ကြိမ်မြောက် ကွန်ဂရက်ညီလာခံကို ဇန်နဝါရီ ၂၄ ကနေ ၃၀ ရက်နေ့ထိ ၇ ရက်တာ ကျင်းပခဲ့ပါတယ်။ ကွန်ဂရက်ညီလာခံမှာ လာမယ့် ၄ နှစ်အတွင်း တာဝန်ထမ်းဆောင်ကြမယ့် ထိပ်ပိုင်းခေါင်းဆောင်တွေကို မဲပေးရွေးချယ်ခဲ့ပါတယ်။ ကွန်ဂရက်ညီလာခံကနေ ကေအန်ယူ တပ်မဟာ (၁) သထုံခရိုင် ဥက္ကဋ္ဌအဖြစ် ပဒိုစောစိုးမြင့်၊ ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်စောစိုးမြင့်ထွေး၊ အတွင်းရေးမှူးအဖြစ် ပဒိုစောအေးနိုင်တို့ကို ရွေးချယ်ခံခဲ့ရတာပါ။ ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခံခဲ့ရတဲ့ ပဒိုစောစိုးမြင့်ကတော့ တိုင်းပြည်အာဏာကို မတရားသိမ်းယူခဲ့တဲ့ အာဏာသိမ်း စစ်ကောင်စီပြုတ်ကျရေးအတွက် ပြည်သူတွေနဲ့ ပူးပေါင်းပြီး […]

Most Read

2024-09-23 00:36:21