Breaking News >> News >> Democratic Voice of Burma


အာဏာသိမ်းစစ်အုပ်စုအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုများ မလုံလောက်သေး


Link [2022-02-02 18:53:15]



အမေရိကန်၊ ယူကေနဲ့ ကနေဒါ တို့က မြန်မာအာဏာသိမ်းစစ်အုပ်စုနဲ့  စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေအပေါ် ပိတ်ဆို့ဒဏ်ခတ်အရေးယူမှုအသစ်တွေချမှတ်လိုက်တဲ့အပေါ်  Justice for Myanmar က ကြိုဆိုလိုက်ပေမယ့် စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့က လုံလောက်မှု မရှိသေးဘူးလို့ ထောက်ပြထားပါတယ်။ အမေရိကန်၊ ယူကေနဲ့ ကနေဒါတို့ဟာ မြန်မာစစ်အုပ်စုနဲ့ ဆက်နွှယ်နေတဲ့ လူပုဂ္ဂိုလ် ၇ ယောက်နဲ့ အဖွဲ့အစည်း ၂ ခုကို ဇန်နဝါရီ ၃၁ ရက်က ပိတ်ဆို့အရေးယူမှုတွေ ချမှတ်လိုက်တာဖြစ်ပါတယ်။ အမေရိကန်အစိုးရရဲ့ ဒဏ်ခတ်ပိတ်ဆို့စာရင်းမှာ ထပ်ထည့်ခံရသူ ၇ ယောက်ကတော့  စစ်ကောင်စီခန့် ရှေ့နေချုပ် ဒေါ်သီတာဦး၊ တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊  အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးတင်ဦး၊ စီးပွားရေးလုပ်ငန်းရှင် ဂျော်နသန်မျိုးကျော်သောင်း၊  စီးပွားရေးလုပ်ငန်းရှင် ဦးတေဇနဲ့ သားဖြစ်သူ ပြည့်ဖြိုးတေဇ၊ ထူးထက်တေဇတို့ ဖြစ်ကြပါတယ်။ […]

Most Read

2024-09-23 00:26:10