Breaking News >> News >> Democratic Voice of Burma


စစ်အာဏာသိမ်း ၁ နှစ်ပြည့် ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲများ တိုကျိုတွင် ပြုလုပ်


Link [2022-02-02 07:13:07]



စစ်အာဏာသိမ်းတစ်နှစ်ပြည့် ကန့်ကွက်ရှုတ်ချဆန္ဒပြပွဲနဲ့ ကမ္ဘာလုံးဆိုင်ရာလူထုလှုပ်ရှားမှုကို တိုကျိုမြို့ရှိ ဂျပန်နိုင်ငံခြားရေးဌာနရုံးရှေ့မှာ ဖေဖော်ဝါရီ ၁ ရက်က ကျင်းပရာမှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားတွေနဲ့ မြန်မာ့အရေးစိတ်ဝင်စားတဲ့ ဂျပန်နိုင်ငံသားတွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထားသူတွေကို အမြန်ဆုံးလွှတ်ပေးရေး၊ ဂျပန်အစိုးရအနေနဲ့ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုကို အသိအမှတ်မပြုရေးနဲ့ NUG အမျိုးသားညီညွတ်ရေးအစိုးရကို အမြန်ဆုံးအသိအမှတ်ပြုရေးတို့ကို ဂျပန်-မြန်မာ-အင်္ဂလိပ် ၃ ဘာသာနဲ့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒကို အသိအမှတ်ပြုတဲ့အနေနဲ့ ဂျပန်အစိုးရအနေနဲ့ပြတ်သားစွာ NUG အမျိုးသားညီညွတ်ရေး အစိုးရကို အသိအမှတ်ပြုဖို့ အခုလို နိုင်ငံခြားရေးရုံးမှာ ဆန္ဒလာပြတာလို့ ဦးဆောင်သူတဦးဖြစ်တဲ့ ကိုသန့်ဇော်ထက်က ပြောပါတယ်။  CDM မှာ မပါဝင်သေးတဲ့ ပြည်တွင်းက ပြည်သူ့ဝန်ထမ်းတွေအနေနဲ့ ဓမ္မနဲ့အဓမ္မကို ခွဲသိမြင်ပြီး ပြည်သူတွေနဲ့အတူ အမြန်ရပ်တည်ကြဖို့လည်း ဆန္ဒပြပွဲမှာပါဝင်လာတဲ့ မြန်မာ့လက်ရွေးစင် […]

Most Read

2024-09-23 00:20:12