Breaking News >> News >> Democratic Voice of Burma


အာဏာသိမ်းမှု တစ်နှစ်အကြာတွင် ပြည်သူများ စားဝတ်နေရေး ပိုမိုကျပ်တည်းလာ


Link [2022-02-02 07:13:07]



အာဏာသိမ်းပြီး တစ်နှစ်အတွင်းမှာပဲ အလုပ်အကိုင်းသန်းချီ ဆုံးရှုံးခဲ့ရတဲ့အပြင် နိုင်ငံ့စီးပွားရေးလည်း အကြီးအကျယ် ထိခိုက်ခဲ့ပါတယ်။  မြန်မာနိုင်ငံက လူတန်းစာ အလွှာအသီးသီးဟာ စစ်အာဏာသိမ်းခြင်းရဲ့ဆိုးကျိုး စီးပွားရေး ထိခိုက်မှုဒဏ်ကို ခံစားခဲ့ရပြီး အောက်ခြေလူတန်းစားတွေရဲ့ ဘဝတွေကတော့ အလုပ်အကိုင် ဆုံးရူံးမှုတွေအပြင် ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် ပိုမိုကျပ်တည်းလာခဲ့ပါတယ်။  အာဏာသိမ်းခြင်းရဲ့ အကျိုးဆက်အပြင် ကိုဗစ်−၁၉ တတိယလှိုင်းရဲ့ ရိုက်ခတ်မှုကိုလည်း အလူးအလဲ ခံခဲ့ရပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်လက်မဲ့ အရေအတွက်များလာသလို အလုပ်အချိန်နဲ့ လုပ်အားခ လျှော့ချခံရတာကြောင့် မိသားစု၀င်ငွေတွေ လျော့ကျလာချိန် ကုန်စျေးနှုန်းအဆမတန် ကြီးမြင့်မှုဒဏ်က ပြည်သူလူထုရဲ့ နေ့စဥ်ဘ၀အပေါ် ဖိစီးရိုက်ခတ်လာစေပါတယ်။ “အသုံးစရိတ်ကို ပိုလျှော့ပြီးသုံးစွဲနေရတယ်။ ပုံမှန်ရနေတဲ့ ၀င်ငွေထက်လျော့သွားတဲ့အတွက် ကုန်စျေးနှုန်းတွေက တက်တဲ့အခါ အခက်အခဲတွေ ဖြစ်တာပေါ့။ အလုပ်ချိန် အပြည့်မဆင်းရဘူး။ မဆင်းရတဲ့ရက်တွေအတွက် လစာက ဖြတ်ခံရတယ်။ အဓိကက အိမ်ပိုင်မဟုတ်တော့ […]

Most Read

2024-09-23 00:38:14