Breaking News >> News >> Democratic Voice of Burma


ယူကရိန်းကို ကျူးကျော်လျှင် ရုရှားအား စီးပွားရေးပိတ်ဆို့အရေးယူမည်ဟု ဗြိတိန်နှင့်ကနေဒါပြော


Link [2022-02-02 07:13:07]



ရုရှားဟာ ယူကရိန်းရဲ့အချုပ်အခြာနယ်မြေထဲ ဝင်ရောက်ကျူးကျော်လာတာနဲ့ ဗြိတိန်က ရုရှားကို ၁ မိနစ်မဆိုင်းဘဲ စီးပွားရေးပိတ်ဆို့အရေးယူမှုတွေ လုပ်သွားမယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ဂျွန်ဆင်က ပြောပါတယ်။ ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့ကို ရောက်ရှိနေတဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က  ယူကရိန်းသမ္မတနဲ့အတူ ဖေဖော်ဝါရီ ၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲပြုလုပ် ပြောကြားခဲ့တာပါ။ “ကျနော်ဟာ ဗြိတိသျှလူထုအတွက် အဓိက ဦးစားပေးလုပ်ဆောင်ရပါတယ်။ အဲဒါနဲ့အတူ ကျနော်တို့ မိတ်ဆွေတွေ၊ မဟာမိတ်နိုင်ငံတွေရဲ့ ဆက်ဆံရေးနဲ့ လုံခြုံရေးအတွက် အာရုံစိုက် လုပ်ဆောင်ပါတယ်။ ဗြိတိန်က ယူကရိန်းနဲ့ ညီညွတ်မှုရှိကြောင်းပြသဖို့ လာခဲ့တာပါ” လို့ ပြောပါတယ်။ ဘောရစ်ဂျွန်ဆင်ဟာ ပြည်တွင်းမှာ ကိုဗစ်လော့ခ်ဒေါင်းချထားခိုက် ပါတီပွဲကျင်းပခဲ့မှုအတွက် စုံစမ်းစစ်ဆေးမှုခံနေရပြီး  ဖိအားတွေရင်ဆိုင်နေရချိန်မှာ ကိယက်ဗ်မြို့ကို ရောက်လာတာပါ။ ဗြိတိန်က ယူကရိန်းကို ခေတ်မီ ဒုံးကာကွယ်ရေးလက်နက်တွေနဲ့ စစ်အရာရှိတွေ ပထမဆုံး […]

Most Read

2024-09-23 02:32:16