Breaking News >> News >> Democratic Voice of Burma


မုံရွာမြို့တွင် တပ်မတော်ထောက်ခံပွဲသွားသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရ


Link [2022-02-02 07:13:07]



စစ်ကိုင်းတိုင်း မုံရွာမြို့ မုံရွာကျောက္ကာကားလမ်းမှာ  ဖေ‌ဖော်ဝါရီ ၁ ရက်နေ့ မနက်ပိုင်းက တပ်မတော်ထောက်ခံပွဲသွားတဲ့ကား မိုင်းဆွဲခံရတယ်လို့ သိရပါတယ်။ မနက် ၁၁ နာရီလောက် တပ်ထောက်ခံပွဲကိုသွားတဲ့ မှန်လုံကားတစ်စီးကို မုံရွာခရိုင်တပ်ရင်း ၂ တပ်ခွဲ Monywa Ranger Group/Truth Army က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။ အဲဒီမှန်လုံကားဟာ မုံရွာအားကစားကွင်းမှာ ကျင်းပနေတဲ့ တပ်မတော်ထောက်ခံပွဲကို ဒုတိယအကြိမ်သွားရောက်ပို့ဆောင်စဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မသင်္ကာလို့ အထူးစုံစမ်းရေးတပ်ဖွဲ့ စုံစမ်းရာ တပ်မတော်ထောက်ခံပွဲ သွားရောက်တာဖြစ်ကြောင်း သိရတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပြီး ၄ ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဆိုပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ၁ နှစ်ပြည့် နိုင်ငံတဝန်း အသံတိတ်သပိတ်ပါဝင်ဆင်နွှဲနေစဉ်အတွင်း နေအိမ်ပြင်ပမထွက်ကြဖို့ သပိတ်ကော်မတီအဖွဲ့ဝင်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက အသိပေး ထုတ်ပြန်ထားပါတယ်။

Most Read

2024-09-23 02:29:32