Breaking News >> News >> Democratic Voice of Burma


စစ်အာဏာသိမ်း ၁ နှစ်တာကာလအတွင်း ဘာတွေ ဖြစ်ခဲ့သလဲ


Link [2022-02-01 19:33:36]



၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ မနက်စောစောမှာ မြန်မာပြည်သူလူထုရဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေ ရိုက်ချိုးခံလိုက်ရပါတယ်။ မြန်မာနိုင်ငံရေးမှာ ဆယ်စုနှစ်ပေါင်းများစွာ  အာဏာ တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားခဲ့တဲ့ စစ်တပ်ဟာ အရပ်သားအုပ်ချုပ်ရေးကို အလုံးစုံဖယ်ရှားပစ်ဖို့ နောက်တခါ ကြိုးစားလာပြန်ပါတယ်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊  နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်နဲ့ အန်အယ်လ်ဒီ ခေါင်းဆောင်တွေကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ နေပြည်တော်မှာ လွှတ်တော်အသစ်ကို တက်ဖို့ စောင့်နေတဲ့ အမတ်တွေ စည်ပင်ဝင်းထဲမှာ ထိန်းသိမ်းခံလိုက်ရပါတယ်။  ရန်ကုန်မြို့လယ်မှာ ယူနီဖောင်းဝတ် စစ်သားတွေကို ပြန်မြင်လာရပါတယ်။ အာဏာသိမ်း စစ်တပ်ဟာ တနိုင်ငံလုံး တယ်လီဖုန်းလိုင်းတွေ၊ အင်တာနက်လိုင်းတွေ ပြတ်တောက်ထားလိုက်ပါတယ်။ တနိုင်ငံလုံး လူဖမ်းပွဲတွေ စနေပါပြီ၊  ဒီမိုကရေစီအမှာင်ကျတဲ့ နေ့ရက်တွေ ပြန်ရောက်လာပြီ ဆိုတာကို လူတိုင်း သိစေနိုင်တဲ့ စစ်တပ်ရဲ့ […]

Most Read

2024-09-23 02:35:18