Breaking News >> News >> Democratic Voice of Burma


ကျောက်ပန်းတောင်းတွင် အမျိုးသား ၁ ဦး ကိုယ့်ကိုယ်ကိုယ် မီးရှို့ဆန္ဒပြ


Link [2022-02-01 19:33:36]



မန္တလေးတိုင်း၊ ကျောက်ပန်းတောင်းမြို့၊ လျှပ်စစ်ရုံးရှေ့မှာ ဖေဖော်ဝါရီ ၁ ရက် မွန်းလွဲပိုင်းက အမျိုးသားတယောက် ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်းပြီး မီးရှို့ ဆန္ဒပြခဲ့တယ်လို့ မြို့ခံတွေဆီကနေ သိရပါတယ်။ ကျောက်ပန်းတောင်းမြို့၊ ပြည်တော်သာရပ်ကွက်မှာ သံပန်းလုပ်ငန်းလုပ်ကိုင်တဲ့ အသက် ၂၀ ကျော်အရွယ် ကိုအောင်အောင်ဟာ ဒီကနေ့မွန်းလွဲ ၁ နာရီလောက်က ကိုယ့်ကိုယ်ကိုယ် ဓာတ်ဆီလောင်း မီးရှို့ပြီး ဆန္ဒပြခဲ့တာလို့ ကျောက်ပန်တောင်းမြို့ခံတစ်ယောက်က ဒီဗွီဘီကို ပြောပါတယ်။ အဲဒီ ဆန္ဒပြတဲ့နေရာမှာ “၂၄ နာရီလုံး အများပြည်သူ ပြည်သား မီးလင်းပါစေ”။  “၂၀၀၁၊ ၂၀၀၂ ပြန်မသွား” ဆိုပြီး ရေးသားထားသည့် စာရွက်အပိုင်းအစကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။ “သူက သံပန်းလုပ်ငန်း လုပ်တာဆိုတော့ လျှပ်စစ်မီးကို အားကိုးနေရတာပေါ့။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ မီးပျက်တာတွေများလာတော့ သူ့လုပ်ငန်းတွေ […]

Most Read

2024-09-23 02:21:49