Breaking News >> News >> Democratic Voice of Burma


မြဝတီမြို့တွင် တပ်ထောက်ခံပွဲအပြီး မိုင်းပေါက်ကွဲ


Link [2022-02-01 19:33:36]



ကရင်ပြည်နယ်၊ မြဝတီမြို့မှာ  ဖေဖော်ဝါရီ ၁ ရက် မွန်းတည့်  ၁၂ နာရီလောက်က စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့် တပ်ထောက်ခံပွဲပြုလုပ်ပြီးချိန်မှာ မိုင်းတစ်လုံးပေါက်ကွဲခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ ဘုရင့်နောင်လမ်းမကြီးဘေးက မြို့နယ်လျှပ်စစ်ရုံးဝင်းအနီးမှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး တပ်ထောက်ခံပွဲပြုလုပ်ပြီးချိန် မိနစ်အနည်းငယ်အကြာမှာ ပေါက်ကွဲခဲ့တာပါ။ မြဝတီမြို့ ဒေသခံတစ်ဦးက” ဗုံးပေါက်ချိန်နဲ့ အကြမ်းဖက်ထောက်ခံပွဲပြီးတဲ့အချိန်နဲ့ ကံကောင်းတာ။ နောက်မဟုတ် မသာကောက်ပွဲ ဖြစ်တော့မလို့။ မြဝတီမှာက  နေ့စားသမားတွေများတယ်။ ငွေရရင် အကုန်လုပ်တယ်။ နိုင်ငံ​ရေး ဘာမှနားလည်တာ မဟုတ်ဘူး။ ကျနော်တို့ မြို့ခံစစ်စစ်တွေ သိက္ခာကျတယ်”လို့ ပြောပါတယ်။ အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်းနဲ့ ဗုံးပေါက်ကွဲမှုဖြစ်ပွားရာနေရာကို စစ်ကောင်စီရဲ့ တပ်နဲ့ ရဲတွေရောက်ရှိလာပြီး စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီကနေ့ပြုလုပ်တဲ့  စစ်အာဏာသိမ်းတဲ့ ၁ နှစ်ပြည့် တပ်ထောက်ခံပွဲကို  အမျိုးသားရေးအင်အားစုတွေနဲ့ […]

Most Read

2024-09-23 02:26:39