Breaking News >> News >> Democratic Voice of Burma


ပြည်ပသွေးထိုးလှုံ့ဆော်မှုကြောင့် စီးပွားရေး ကျဆင်းဟု စစ်ခေါင်းဆောင်ပြော


Link [2022-02-01 19:33:36]



အာဏာသိမ်း စစ်ခေါင်းဆောင်က သူ့လက်ထက်မှာ စီးပွားရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ကျဆင်းမှုရှိတာကို ဝန်ခံထားပေမယ့် ပြည်ပဖိအားကြောင့်ဆိုပြီး ဆင်ခြေပေးပြောဆိုတဲ့ အပေါ် စီးပွားရေးသုတေသီတွေက ထောက်ပြဝေဖန်ပြောဆိုလိုက်ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံရဲ့  စီးပွားရေးဆိုင်ရာကိစ္စရပ်တွေနဲ့ပတ်သက်ပြ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၃၁ ရက်က ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ပြောဆိုခဲ့တာပါ။ နိုင်ငံတကာရဲ့ဝိုင်းဝန်းပိတ်ဆို့မှုတွေ၊ ပြည်ပသွေးထိုးလှုံ့ဆော်မှုတွေအရ ဘဏ်လုပ်ငန်းတွေကို ယုံကြည်မှုကျဆင်းပြီး ပုံမှန်မလည်ပတ်နိုင်တဲ့အတွက် ဘဏ်လုပ်ငန်းမှာ ငွေသား လည်ပတ်စီးဆင်းမှု ခက်ခဲခဲ့ကြောင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနှင့်ကုန်သွယ်မှု ကျဆင်းစေရေးဖို့ သက်ဆိုင်ရာ နိုင်ငံခြား အဆက်အသွယ်တွေကို တိုက်ရိုက်၊သွယ်ဝိုက် ဖိအားပေးမှုတွေဆောင်ရွက်ခဲ့ပါကြောင်း၊ မြန်မာကျပ်ငွေတန်ဖိုးကျဆင်းပြီး ကမ္ဘာတစ်ဝန်းဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ သွင်းကုန် (လောင်စာဆီနှင့် ကုန်ကြမ်း) ဈေးနှုန်း မြင့်တက်တာ၊ စျေးကွက်မှာ ဝယ်လိုအားကျဆင်းတာတွေ ဖြစ်ပေါ်ခဲ့တယ်လို့  စစ်ခေါင်းဆောင်က […]

Most Read

2024-09-23 02:24:12