Breaking News >> News >> Democratic Voice of Burma


သံတောင်ကြီးမြို့နယ်၌ တိုက်ပွဲဖြစ်ပြီး စစ်သား ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ


Link [2022-02-01 19:33:36]



ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ရွှေညောင်ပင်ကျေးရွာနဲ့ စခန်းကုန်းကျေးရွာအကြား စနေကုန်းလမ်းဟောင်းလမ်းဂွမှာ ဇန်နဝါရီ ၃၁ ရက် မနက် ၁၁ နာရီလောက်က  စစ်ကောင်စီတပ်နဲ့ အမည်မသိလက်နက်ကိုင်တပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီ တပ်သား ၁ ဦးသေပြီး ၂ ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကေအန်ယူ တပ်မဟာ ၂ ထိန်းချုပ်နယ်မြေထဲက သံတောင် -သံတောင်ကြီးသွားကားလမ်းမကြီးကို လမ်းလုံခြုံရေး ကင်းလှည့်ပြန်လာတဲ့ စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင် ၇ ယောက်နဲ့ အမည်မသိလက်နက်ကိုင်တို့ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။ ရွှေညောင်ပင်ကျေးရွာသား တစ်ဦးက”စစ်တပ်က လမ်းကြောင်းလုံခြုံရေးလှည့်ပြီး အပြန်ဖြစ်တာ။ ၁ ယောက်သေ ၂ ယောက်ဒဏ်ရာရတယ်လို့ သိထားတယ်။ မနက်ပိုင်းက အဲဒီကောင်တွေပဲဖြစ်မယ်။ သေနတ်တွေနဲ့ အချက်ပေါင်းများစွာ ပစ်သွားသေးတယ်”လို့ ဆိုပါတယ်။ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်တွေက စခန်းကုန်းအနီးပတ်ဝန်းကျင်ကို လက်နက်ငယ်တွေနဲ့ […]

Most Read

2024-09-23 02:32:35