Breaking News >> News >> Democratic Voice of Burma


မြန်မာစစ်အာဏာရှင်၏ အကြမ်းဖက်မှုများ တာဝန်ယူမှုရှိစေရန် လုပ်ဆောင်မည်ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးပြော


Link [2022-02-01 19:33:36]



မြန်မာစစ်အာဏာရှင်ရဲ့  အကြမ်းဖက်မှုတွေအပေါ် တာဝန်ခံမှု တာဝန်ယူမှုရှိစေရေး ဆက်လက် လုပ်ဆောင်သွားမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်ကပြော ကြားလိုက်ပါတယ်။ မြန်မာစစ်အာဏာရှင်နဲ့ သူ့ကို ထောက်ခံသူတွေအပေါ် ပိုမိုဖိအားပေးဖို့ နဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက  ဇန်နဝါရီ ၃၁ နေ့စွဲနဲ့ သတင်းထုတ်ပြန်ချက်မှာ ပြောထားတာ ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ စစ်တပ်အာဏာသိမ်းချိန်ကစပြီး မြန်မာပြည်သူတွေဟာ စစ်တပ်အုပ်ချုပ်မှုကို မြဲမြန်စွာဆန့်ကျင်ခဲ့ကြပြီး တိုင်းပြည်ကို အားလုံးပါဝင်နိုင်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည် ပို့ဆောင်ပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ ဝမ်းနည်းဖွယ်ကောင်းတာကတော့  စစ်အာဏာရှင်ဟာ တိုင်းပြည်ကို စိတ်တိုင်းကျ ခြယ်လှယ်အုပ်ချုပ်နိုင်စေဖို့ အကြမ်းဖက်မှုတွေ ဆက်လက်ကျူးလွန်ခဲ့ရာ အမျိုးသမီးနဲ့ ကလေးသူငယ်အပါအဝင် လူပေါင်း ၁,၅၀၀ လောက်ကို သတ်ဖြတ်ခဲ့တယ်လို့ ဝန်ကြီး ဘလင်ကန်က ပြောပါတယ်။ ဒါ့အပြင် အစိုးရအရာရှိတွေ အရပ်ဘက်နဲ့ အလုပ်သမားရေးတက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့  […]

Most Read

2024-09-23 02:37:08