Breaking News >> News >> Democratic Voice of Burma


အသံတိတ်သပိတ် ဆင်နွှဲနေသည့် ဖားကန့်မြို့နယ်တွင် ဗုံး ၈ လုံးထက်မနည်း ပေါက်ကွဲ


Link [2022-02-01 19:33:36]



စစ်တပ်အာဏာသိမ်း တစ်နှစ်ပြည့် ဖေဖော်ဝါရီ ၁ ရက်နေ့ အသံတိတ်သပိတ် ပြုလုပ်နေတဲ့ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်း ဗုံး ၈ လုံးထက်မနည်း ပေါက်ကွဲခဲ့တယ်လို့ သိရပါတယ်။ မြို့တွင်းမှာ အသံတိတ်သပိတ် ပြုလုပ်နေချိန် ဒီနေ့မနက်ပိုင်းကစတင်ကာ နာရီဝက်လောက်ခြား တကြိမ် ဆက်တိုက်ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ “အသံတိတ်သပိတ် ပြုလုပ်နေတဲ့အတွက် မြို့တွင်းမှာလည်း လူသွားလူလာ မရှိသလောက်ပဲ။ မနက် မိုးလင်းကတည်းက နာရီဝက်ခြားတစ်ခါ တစ်နာရီခြားတစ်ခါ ပေါက်နေတာ။ ၈ ကြိမ် လောက်ရှိပြီ။ စစ်ကား ရဲကားတွေကတော့ ပတ်နေတာပဲ။ လူတွေလည်း အပြင်မထွက်တဲ့အတွက် ထိခိုက်တာရှိ၊ မရှိတော့ သေချာမသိရသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဖားကန့်မြို့နယ် ဆိုင်းတောင်း ဆိပ်မူကျေးရွာမှာ ဒီနေ့ မနက်ပိုင်းက ဗုံး ၃ လုံး […]

Most Read

2024-09-23 02:26:07