Breaking News >> News >> Democratic Voice of Burma


မြန်မာစစ်အာဏာရှင် နောက်ကြောင်းပြန်လှည့်ရန် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆို


Link [2022-02-01 07:52:24]



မြန်မာစစ်အာဏာရှင်အနေနဲ့ လက်ရှိ လျှောက်လှမ်းနေတဲ့ လမ်းကြောင်းကနေ နောက်ပြန်လှည့်ဖို့နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဒီမိုကရေစီနည်းကျ ရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က တောင်းဆိုလိုက်ပါတယ်။  မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မြောက်တဲ့အပေါ် သမ္မတ ဂျိုးဘိုင်ဒင်က အခုလို  ထုတ်ပြန်ပြောကြားလိုက်တာဖြစ်ပြီး စစ်အာဏာရှင်အနေနဲ့ မြန်မာပြည်သူတွေရဲ့ ဒီမိုကရေစီနည်းကျထုတ်ဖော်ပြောဆိုတဲ့ အသံတွေကို  ဆက်လက် ပိတ်ပင်တားဆီးနေမယ်ဆိုပါက စစ်တပ်နဲ့ တပ်ထောက်ခံသူတွေကို ဒဏ်ခတ်အရေးယူမှုတွေ ဆက်လက် လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ မြန်မာပြည်သူတွေရဲ့ ကြိုးပမ်းအားထုတ်မှုတွေကို မိမိတို့ မေ့လျော့ခြင်းမရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးရေးကို ဆောင်ကြဉ်းနိုင်ဖို့ မဆုတ်မနစ် ကြိုးစားအားထုတ်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ ဆက်လက်အားပေးထောက်ခံသွားမယ်လို့လည်း သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ […]

Most Read

2024-09-23 02:37:39