Breaking News >> News >> Democratic Voice of Burma


ဝက်ထီးကန် ရဲသင်တန်းကျောင်းအနီး ရဲကင်းဗုံးခွဲခံရပြီး ရဲ ၁ ဦး သေဆုံး


Link [2022-01-31 20:14:21]



ပဲခူးတိုင်း ပြည်မြို့နယ်၊ ဝက်ထီးကန်မြို့၊ ရဲသင်တန်းကျောင်းအနီး   အ.ထ.က ကျောင်းဝင်းထဲက ရဲကင်းမှာ     ဇန်နဝါရီ  ၃၁ ရက် မနက် ၈ နာရီ ၂၀ လောက်က ဗုံးပေါက်ကွဲပြီး  ရဲတယောက်သေဆုံးခဲ့တယ်လို့ ဒေသခံထံက သိရပါတယ်။ အခုပေါက်ကွဲမှုမှာ သေဆုံးသွားသူက ဝက်ထီးကန်ရဲသင်တန်းကျောင်းစခန်းက  ဒေသခံရဲတပ်ကြပ်ကြီး ညွှန့်ဝင်းဖြစ်တယ်လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။  ဒေသခံတယောက်က“ဗုံးက စာသင်ကျောင်း စည်းရိုးအုပ်တံတိုင်းအတွင်းဘက် ကျောင်း ရဲ့ မြောက်ဘက်ထွက်ပေါက်နားက သူတို့ သဲအိပ်ဘန်ကာလုပ်ထားတဲ့ နေရာမှာ ပေါက်တာ။ အသံက အကျယ်ကြီးပဲ။ သူတို့ကတော့ ဆွဲမိုင်းတော့ မဟုတ်ဘူး။ အချိန်ကိုက်လုပ်ထားပြီး ဖုံးနဲ့ခေါ်ပြီးခွဲတဲ့ ချိန်ကိုက်ဗုံးဖြစ်တယ်လို့ စစ်ကောင်စီဘက်က ပြောနေတာကိုတော့ကြားတယ်”လို့ ပြောပါတယ်။ ဗုံးကွဲတဲ့နေရာနဲ့ မလှမ်းမကမ်းမှာ ဈေးလည်းရှိပြီး ဗုံးပေါက်ကွဲမှုကြောင့် လူတွေ […]

Most Read

2024-09-23 02:33:23