Breaking News >> News >> Democratic Voice of Burma


မြိုင်မြို့နယ်ရှိ စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများ ထွက်ခွာကြရန် ရာဇသံပေး


Link [2022-01-31 20:14:21]



မကွေးတိုင်း၊ မြိုင်မြို့နယ်မှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ ဖေဖော်ဝါရီ ၁၀ မတိုင်ခင် ရရာနည်းလမ်းနဲ့ အပြီးတိုင်ထွက်သွားရမယ်လို့ မြိုင်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့က သတိပေးကြေညာလိုက်ပါတယ်။ ပြည်သူ့လစာကို စားသုံးပြီး ပြည်သူကို ကိုယ်စားမပြုဘဲ စစ်ကောင်စီယန္တရားလည်ပတ်စေဖို့ ပါဝင်ဆောင်ရွက်နေတဲ့ ဝန်ထမ်းတွေအနေနဲ့ ရုံးဌာနတွေနဲ့ နေအိမ်တွေက အပြီးတိုင် စွန့်လွှတ်ထွက်ခွာရမယ်လို့လည်း သတိပေးထားပါတယ်။ မြိုင်မြို့နယ်ဒေသခံ ဝန်ထမ်းတွေအနေနဲ့ကတော့ ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး CDM ဝင်ကြဖို့နဲ့ အလုပ်မှနုတ်ထွက်ဖို့လည်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တိုက်တွန်းထားပါတယ်။ အခုလို ထုတ်ပြန်ကြေညာထားတဲ့ အချက်တွေကို လိုက်နာခြင်းမရှိတဲ့ ဝန်ထမ်းတွေကို မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ကာယကံရှင်တွေကိုသာမက မိသားစုတွေကိုလည်း နည်းလမ်းမျိုးစုံနဲ့ ပစ်မှတ်ထားတိုက်ခိုက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။ မြိုင်မြို့နယ်အတွင်းမှာရှိတဲ့ ပြည်သူတွေကို စစ်ကောင်စီက ကျွန်ပြုအုပ်ချုပ်ဖို့ ကြိုးစားနေတာကို မိမိတို့အနေနဲ့ လက်ခံမှာမဟုတ်ဘဲ ရရာနည်းလမ်းပေါင်းစုံနဲ့ […]

Most Read

2024-09-23 02:33:45