Breaking News >> News >> Democratic Voice of Burma


ကေအန်ယူ တပ်မဟာ ၅ နယ်မြေကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်


Link [2022-01-31 20:14:21]



ကရင်ပြည်နယ်၊ ဖာပွန်(မူတြော်)ခရိုင်၊ ကေအန်ယူ တပ်မဟာ ၅ နယ်မြေ ၊ သေကော်ထကျေးရွာမှာ ဇန်နဝါရီ ၃၀ ရက် ညပိုင်းက စစ်ကောင်စီတပ်က လေကြောင်းကနေ  ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၂၉ ရက်က စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နေတာတွေ ရပ်တန့်ဖို့  အရပ်ဘက်ဆိုင်ရာဌာနအသီးသီးက ဝန်ထမ်းတွေအနေနဲ့ မိမိတို့နေရပ်ကို ပြန်လည်ထွက်ခွာဖို့  ဖေဖော်ဝါရီ ၁၀ ရက် နောက်ဆုံးထားပြီး  ရေလမ်းခရီးကနေ အတားအဆီးမရှိ ထွက်ခွာပေးဖို့ တပ်မဟာ ၅ စစ်ရုံးချုပ်က အသိပေးထုတ်​ပြန်ပြီးနောက် လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တာပါ။ လေကြောင်းကနေ ဗုံးကြဲပစ်ခတ်တိုက်ခိုက်ခဲ့ရာမှာ ရွာသူ ရွာသားတွေ  ထိခိုက်မှု မရှိပေမဲ့  လူနေအိမ် ၂ လုံး ပျက်စီးသွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ သေကော်ထကျေးရွာသားတစ်ဦးက […]

Most Read

2024-09-23 02:37:03