Breaking News >> News >> Democratic Voice of Burma


မင်းကင်းမြို့နယ် မြစ်ရိုးအောက်ရွာများကို စစ်တပ်က ဝင်စီးပြီး လူနေအိမ်များကို မီးရှို့ဖျက်ဆီး


Link [2022-01-31 20:14:21]



စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မြစ်ရိုးအောက်ရွာ တစ်ရွာဖြစ်တဲ့ ဘင်ကျေးရွာကို စစ်ကောင်စီတပ်သားတွေနဲ့ ပျူစောထီးအဖွဲ့တွေက ဇန်နဝါရီ ၃၁ ရက် နေ့လယ်ပိုင်းမှာ ဝင်ရောက်စီးနင်းပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ “အနောက်တောရွာအောက်ဘက် ကင်းကျေးရွာအနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရေယာဉ်ရှစ်စီးအုပ်စုရှိတယ်။ မြစ်ရိုးအောက်ပိုင်းကို နယ်မြေရှင်းလင်းရေးလုပ်ပြီး ဆန်တက်မယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရတယ်။ ဘင်ရွာမှာတော့ မီးရှို့ခံရတာ နှစ်အိမ်သုံးအိမ် ကျန်တော့တာ ကုန်‌တော့မှာ။” လို့ ဒေသခံတစ်ဦး က ပြောပါတယ်။ စစ်ကောင်စီတပ်ရဲ့ရေယာဉ် ၈ စီးအုပ်စုမှာ တပ်ဖွဲ့ဝင် အင်အား ၁၀၀ ကျော်ပါဝင်ပြီး ပန်းဆက်၊ တောင်ဖြူရွာက ပျူစောထီးတွေက စစ်ကောင်စီတပ်တွေကို သွားရောက်ကြိုဆိုကြတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် နယ်မြေရှင်းလင်းမယ်ဆိုတဲ့ သတင်းတွေကြောင့် မြစ်ရိုးအောက်ရွာတွေဖြစ်တဲ့ သင်တော၊ ညောင်ပင်သာ၊အုန္နဲဘုတ်၊ဘင်၊ […]

Most Read

2024-09-23 02:35:35