Breaking News >> News >> Democratic Voice of Burma


ကျိုက်လတ်တွင် တပ်ထောက်ခံပွဲ မလိုက်သူများထံမှငွေကောက်ခံပြီး ဆန္ဒပြသူများကို နေ့စားခ ပြန်ပေး


Link [2022-01-31 20:14:21]



ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ဇန်နဝါရီ ၃၁ ရက်က အာဏာသိမ်းစစ်တပ် ထောက်ခံပွဲ ပြုလုပ်ခဲ့ရာမှာ ကျေးရွာတွေက တအိမ်တယောက်လိုက်ဖို့ ခေါ်ဆောင်ပြီး မလိုက်သူတွေကို အုပ်ချုပ်ရေးမှူးနဲ့ရာအိမ်မှူးတွေက ငွေကြေးတောင်းခံခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။ “တပ်ထောက်ခံပွဲလို့ ခေါ်တာမဟုတ်ဘူး။ ဘောလုံးပွဲဖွင့်ပွဲဆိုပြီး ခေါ်တာ။ မလိုက်ရင် ၅၀၀ ပေးရတာ။ အဲဒီပိုက်ဆံနဲ့ သူတို့က နေ့စားပြန်ခေါ်တာတွေ ရှိတယ်။ ဟိုရောက်မှ တပ်ထောက်ခံပွဲဆိုတာ သိရတာ”လို့ ဒေသခံတဦးက ပြောပါတယ်။ တပ်ထောက်ခံပွဲသွားဖို့ ကျေးရွာတွေက လူတွေကို သုံးဘီးနဲ့လာခေါ်ပြီး မြို့ပေါ်လိုက်ပို့ ပေးခဲ့ပေမယ့် ပြန်တဲ့အချိန်မှာ လမ်းလျှောက်ပြန်ကြရတယ်လို့ ဆိုပါတယ်။  ကျိုက်လတ်မြို့နယ်အတွင်းမှာ ကျေးရွာပေါင်း ၉၀ ကျော်ရှိပြီး တအိမ် တယောက်ခေါ်တာကြောင့် လူဦးရေ ထောင်ဂဏန်းလောက်ဖြစ်သွားတယ်လို့ ပြန်လာသူတွေက ပြောပါတယ်။  အလားတူ ဒီကနေ့မှာပဲ မြောင်းမြမြို့မှာ တပ်ထောက်ခံပွဲကို […]

Most Read

2024-09-23 02:28:22