Breaking News >> News >> Democratic Voice of Burma


ရုရှားတွင် ယူကရိန်းကို တိုက်ခိုက်နိုင်သည့် စစ်အင်အားရှိနေဟု အမေရိကန် ပြော


Link [2022-01-31 08:32:42]



ဆိုဗီယက်နိုင်ငံဟောင်း ယူကရိန်းရဲ့ နယ်စပ်ပတ်ပတ်လည်မှာ ရုရှားတပ်တွေ ချထားမှုအပေါ် အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်ဒ်အော်စတင်က ရုရှားသမ္မတပူတင်မှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်နိုင်တဲ့ စစ်အင်အားရှိနေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ အော်စတင်က “ရုရှားဟာ ယူကရိန်းနယ်စပ်နဲ့ ခရိုင်းမီးယား၊ ဘီလာရုစ်တို့ကပါ တပ်တွေ တိုးချထားတာပါ။ မြေထဲပင်လယ်မှာလည်း ရေတပ်လှုပ်ရှားမှုတွေ ရှိနေတယ်။ ယူကရိန်းမြို့ကြီး အချို့ကို သိမ်းပိုက်နိုင်စွမ်း ရှိနေတယ်။ ဒါပေမဲ့ ပူတင်တိုက်ဖို့ ဆုံးဖြတ်မယ်လို့ မထင်ပါဘူး၊ သံတမန်နည်းလမ်းဆိုင်ရာ ရွေးချယ်စရာ‌တွေ ရှိနေပါတယ်။ စစ်ရေးအင်အားပြပြီး နိုင်ငံရေးဆွတဲ့ သဘောလို့ ယူဆပါတယ်” လို့ ပြောပါတယ်။ အမေရိကန် ပူးတွဲစစ်ဦးစီးချုပ်မျာဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမတ်ခ်မီလေးကလည်း “ရုရှားဟာ အရင်က ပြုမူပုံနဲ့တောင် မတူပါဘူး။ စစ်အေးခေတ်အပြီး ဒါဟာ ပထမဆုံး သူတို့ရဲ့စစ်အင်အားကို ရှိသမျှ ပုံအောချထားတာပါ။ […]

Most Read

2024-09-23 02:23:42