Breaking News >> News >> Democratic Voice of Burma


မုံရွာ-ပုသိမ် ကားလမ်းတစ်​လျှောက်ရှိ နေအိမ်များကို စစ်ကောင်စီတပ်ဖျက်ဆီး


Link [2022-01-31 08:32:42]



စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ ဇန်နဝါရီ ၃၀ ရက်​နေ့က ​ဒေသခံပြည်သူတွေ ​နေအိမ်နဲ့ပစ္စည်းတွေကို စစ်​ကောင်စီတပ်ဖွဲ့က ဖျက်ဆီးခဲ့ကြပြီး စိတ်ကျန်းမာရေးမကောင်းတဲ့ အပြစ်မဲ့ ပြည်သူ ၁ ဦးကိုလည်း ဖမ်းဆီး​ခေါ်​ဆောင်သွားတယ်လို့ သိရပါတယ်။ ယင်းမာပင်မြို့နယ်နဲ့ ဆားလင်းကြီးမြို့နယ် မုံရွာ-ပုသိမ် ကားလမ်းတစ်​လျှောက်မှာရှိတဲ့ နေအိမ်တွေ ဖျက်ဆီးခံခဲ့ရတာလို့ ​ဒေသခံ​တွေက ​ပြောပါတယ်။ စစ်​ကောင်စီတပ်ဖွဲ့တွေ ဝင်​ရောက်ဖျက်ဆီးသွားတဲ့ ​နေအိမ်​ပေါင်း ၆ လုံး ထက်မနည်းရှိပြီး ပစ္စည်းတွေကို ​မွှေ​နှောက်ရှာဖွေတာနဲ့ မီးရှို့တာတွေ ပြုလုပ်ခဲ့သလို ဆိုင်ကယ် ၃ စီးကိုလည်း ရိုက်နှက်ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။ ဖမ်းဆီးခံရတဲ့ စိတ်ကျန်းမာရေးမကောင်းသူကတော့ မုံရွာ အမှတ် ၁ ရဲစခန်းကနေ ဇန်နဝါရီ ၃၀ ရက် ညပိုင်း ပြန်လည်လွတ်​မြောက်လာခဲ့တယ်လို့ သိရပါတယ်။ စစ်​ကောင်စီတပ်ဖွဲ့တွေဟာ ဇန်နဝါရီ ၃၀ […]

Most Read

2024-09-23 02:32:34