Breaking News >> News >> Democratic Voice of Burma


ဆောမြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပြည်သူ့ရင်ခွင်ခိုလှုံရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကြေညာ


Link [2022-01-30 20:53:10]



မကွေးတိုင်း ဆောမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းတွေကို လာမယ့် ဖေဖော်ဝါရီ ၅ ရက် ည ၁၂ နာရီနောက်ဆုံးထားပြီး ခံဝန်ချက်နဲ့အတူ ပြည်သူ့ ရင်ခွင်ခိုလှုံကြဖို့ ‌ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီ ၃၀ ရက်စွဲနဲ့ ကြေညာလိုက်ပါတယ်။ အဲ့ဒီကြေညာချက်ပါ ဖော်ပြချက်အရ ဆောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ စစ်ကောင်စီခိုင်းစေသမျှကို ဆက်လက်ဆောင်ရွက်နေပါက နိုင်ငံတော်ပုန်ကန်သစ္စာဖောက်ဖျက်မှု မှာ ကြံရာပါအဖြစ် ထိရောက်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ပါရှိပါတယ်။ “စစ်ကောင်စီရဲ့ လက်အောက်ခံ၊ သစ္စာခံအဖြစ်ကနေ ပြည်သူလူထုရဲ့ သစ္စာကိုခံယူကြဖို့ပါ။ နောက်ဆုံး နေ့စွဲအချိန်ကအစ အတိကျထုတ်ပြန်ထားပါတယ်။ မလိုက်နာရင် အရေးယူ ဆောင်ရွက်ရမယ့် အပိုင်းဖြစ်သွားပြီပေါ့။ စစ်ကောင်စီရဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေကို ပြောချင်တာက မှန်ကန်တဲ့ အသိတရားရှိကြဖို့၊ အမှားကို အမှားမှန်းသိရင် အဲ့ဒီအမှားကို ဆက်လက်ဆုပ်ကိုင်မနေဘဲ စွန့်လွှတ်ကြဖို့ ပြောချင်ပါတယ်” လို့ […]

Most Read

2024-09-23 02:35:44