Breaking News >> News >> Democratic Voice of Burma


ဒီပဲယင်းမြို့နယ်အတွင်းက ဝပါကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီ မီးရှို့


Link [2022-01-30 20:53:10]



ဒီပဲယင်းမြို့နယ်အတွင်းက ဝပါကျေးရွာနေအိမ်အချို့ကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၃၀ ရက် မွန်တည့် ၁၂ နာရီလောက်က မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ မီးရှို့ခံရတဲ့ ဝပါကျေးရွာဟာ ဒီပဲယင်းမြို့နဲ့ ၂ မိုင်သာဝေးကွာတဲ့ ကျေးရွာတစ်ရွာ ဖြစ်တယ်လို့ လည်း သိရပါတယ်။ “ဒေသတွင်းအခေါ်ကတော့ ဝပါ ရွာနဲ့ သပြေသာရွာကို နှစ်ရွာပေါင်းပြီး ဝပါ/သပြေသာလို့တော့ တွဲခေါ်ကြတာပါ။ မီးရှို့ခံရတာက ဝပါကျေးရွာက ၂ လုံး၊ သ‌ပြေသာရွာက ၂ လုံး။ ဒါက လောလောဆယ်သိရတဲ့ အရေအတွက်ပါ။ ကျနော်တို့ ရွာနားမှာ ဘာတိုက်ပွဲမှလည်း မဖြစ်ဘူး။ စစ်ကောင်စီထောက်ခံတဲ့သူတွေက သူတို့နဲ့ ပုဂ္ဂိုလ်ရေးအရ မုန်းလို့ PDF ကို ထောက်ပံ့တယ်လို့ စွပ်စွဲပြီး အခုလိုမီးရှိုတာဗျ” လို့ ဝပါကျေးရွာက ဒေသခံ တစ်ဦးက […]

Most Read

2024-09-23 02:22:28