Breaking News >> News >> Democratic Voice of Burma


ဆောထိမြို့နယ်တိုက်ပွဲတွင် စစ်တပ်ကလက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဒေသခံ ၄၀၀ ကျော် တိမ်းရှောင်


Link [2022-01-30 20:53:10]



ကေအန်ယူ၊ တပ်မဟာ ၃ ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင်၊ ဆောထိမြို့နယ်၊ ခမောက်ခွင်၊ ကော်ကပ်နဲ့ မိုးဘောကျေးရွာတွေမှာ စစ်ကောင်စီရဲ့တပ်နဲ့ KNLA တပ်ဖွဲ့တွေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ကျေးရွာတွင်း ပစ်ခတ်တဲ့အတွက် ဒေသခံ ၄၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇန်နဝါရီ ၂၇ ရက် မနက် ၃ နာရီလောက်က နယ်မြေကျော်ဝင်ရောက်လာတဲ့ စစ်ကောင်စီရဲ့ ခမရ ၂၀၇ တပ်နဲ့ KNLA တပ်မဟာ ၃၊ လက်အောက်ခံ တပ်ရင်း ၃ တို့ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့ရာမှာ စစ်ကောင်စီတပ်က လက်နက်ကြီး ၄ လုံးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကော်ကပ်ကျေးရွာအတွင်းကို ၂ လုံး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။ ခမောက်ခွင်ကျေးရွာသားတစ်ဦးက “စစ်ကောင်စီက လက်နက်ကြီးတွေနဲ့  […]

Most Read

2024-09-23 02:36:17