Breaking News >> News >> Democratic Voice of Burma


မင်းကင်းမြို့နယ် ချင်းတွင်းမြစ်ဘေးက ကျေးရွာသားထောင်ချီ စစ်ဘေးရှောင်နေရ


Link [2022-01-30 20:53:10]



ချင်းတွင်းမြစ်အတိုင်း ဆန်တက်လာတဲ့ မော်တော်တွေပေါ်ကနေ စစ်ကောင်စီတပ်တွေ ပစ်ခတ်တာကြောင့် မင်းကင်းမြို့နယ် မြစ်ဘေးနေ ကျေးရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။ ချင်းတွင်းမြစ်အထက်ပိုင်းကို ဖလက်မော်တော် ၈ စီးနဲ့ဆန်တက်လာတဲ့ စစ်ကောင်စီတပ်တွေက  ဒီနေ့မနက် မြစ်ကမ်းဘေးကျေးရွာတွေကို လက်နက်မျိုးစုံနဲ့ ပစ်ခတ်တာကြောင့် ခုလို ထွက်ပြေတိမ်းရှောင်ရတာလို့ ဒေသခံတွေက ပြောပါတယ်။ “ကျနော်တို့ မင်းကင်းမြို့နယ်ကတော့ဗျာ ပန်းဆက်ကျေးရွာက စစ်ကောင်စီတပ်နဲ့ ပျူ စောထီးတွေက နှိပ်စက်တာက တစ်မျိုး၊ အခု စစ်မော်တော်တွေကတစ်မျိုးဆိုတော့ ရွာကလူတွေလည်း ဒုက္ခအတော်ရောက်ရတယ်၊ မပြေးလို့လည်း မရဘူးဗျ။ သူတို့က ကျနော်တို့ အောက်ဘက် နတ်ကြီးတို့၊ မုဌေါတို့၊ မဲဒင်တို့၊ ကင်းတို့ ဒီကောင်တွေ မီးရှို့တာတွေ လုပ်ဆောင်ခဲ့တာတွေရှိတယ်။ ကျွန်တော်တို့ရွာတွေလည်း အဲလိုမလုပ်ဘူးလို့ ပြောမရဘူးဗျ” လို့ သင်တောကျေးရွာသား တဦးက ပြောပါတယ်။ […]

Most Read

2024-09-23 04:30:38