Breaking News >> News >> Democratic Voice of Burma


ကမ်းဝေးငါးဖမ်းလှေများ စစ်ကောင်စီရေတပ်ကို လာဘ်ထိုးပြီး ကန့်သတ်ဧရိယာများတွင် ငါးဖမ်း


Link [2022-01-30 20:53:10]



တနင်္သာရီတိုင်းထဲက ကမ်းဝေးငါးဖမ်းလှေတွေဟာ ပင်လယ်ပြင်စိုးမိုးရေး တပ်ဖွဲ့တွေနဲ့ပူးပေါင်းပြီး တားမြစ်ကမ်းနီးရေပြင်မှာ ငါးဝင်ရောက်ဖမ်းဆီးနေသလို တရားမဝင် ငါးဖမ်းကိရိယာတွေ အသုံးပြုတာကြောင့် ရေအောက် သန္တာကျောက်တန်းတွေ ပျက်စီးဆုံးရှုံးနေသလို ဒေသခံ တပိုင်တနိုင် ငါးရှာဖွေနေသူတွေ အခက်ခဲဖြစ်နေကြတယ်လို့ သိရပါတယ်။ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက် တနင်္သာရီတိုင်း ပင်လယ်ပြင်ထဲက ဒုံးပုလဲအော်၊ လင်းလွန်း၊ ပရောဝါး၊ ဒုံးဥယျာဉ်ကမ်း၊ ဒုံးရွေသန်း စတဲ့ကျေးရွာတွေနဲ့ အခြားဒုံးကျွန်းက‌ ကျေးရွာအနီးတဝိုက်မှာ ကမ်းဝေးငါးဖမ်းလှေတွေအနေနဲ့ တရားမဝင်ငါးဖမ်းတာတွေ ပြုလုပ်နေကြတာပါ။ ပင်လယ်ပြင်လုံခြုံရေးဆောင်ရွက်နေတဲ့ စစ်ကောင်စီ ရေတပ်တွေက တရားမဝင် ကမ်းဝေး ငါးဖမ်းသင်္ဘောတွေဆီကနေ ငွေကြေးနဲ့ စက်သုံးဆီတွေကို တောင်းခံနေပြီး တားမြစ်ထားတဲ့ ငါးဖမ်းကိရိယာတွေနဲ့ ဖမ်းဆီးနေတာတွေကို လျစ်လျုရှုနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကမ်းဝေးငါးဖမ်း သင်္ဘောတွေအနေနဲ့ သင်္ဘောနာမည်တွေကို မမြင်ရအောင်ဖုံးအုပ်ပြီး  ကမ်းနီးမှာ တရားမဝင်း ငါးဝင်ရောက်ဖမ်းနေသလို တားမြစ်ထားတဲ့ […]

Most Read

2024-09-23 04:29:01