Breaking News >> News >> Democratic Voice of Burma


နိုင်ငံအမှတ်တံဆိပ် ခိုအာလာဝက်ဝံကာကွယ်ရန် သြစတြေးလျဒေါ်လာ သန်း ၅၀ သုံးမည်


Link [2022-01-30 20:53:10]



သြစတြေးလျအစိုးရဟာ နိုင်ငံရဲ့အမှတ်အသားဖြစ်တဲ့ ခိုအာလာဝက်ဝံတွေတွေကို ကာကွယ်ဖို့ လာမယ့်လေးနှစ်အတွင်း သြစတြေးလျဒေါ်လာ သန်း ၅၀ (အမေရိကန် ဒေါ်လာ ၃၅ သန်း) အသုံးပြုသွားမယ်လို့ ကြေညာပါတယ်။  သြစတြေးလျနိုင်ငံ ဌာနေတိရစ္ဆာန်ဖြစ်တဲ့ ခိုအာလာဝက်ဝံတွေဟာ  တောမီးလောင်ကျွမ်းတာ၊ ရောဂါဖြစ်ပွားတာနဲ့ ယာဉ်မတော်တဆမှုတွေကြောင့် အရေအတွက် တဖြည်းဖြည်း နည်းပါးလာနေတာကြောင့် စောင့်ရှောက်မှုပေးဖို့ လိုအပ်နေတာပါ။  တနိုင်ငံလုံးမှာ ခိုအာလာ အကောင်ရေ သုံးသိန်းသုံးသောင်း ဝန်ကျင်းရှိမယ်လို့ ခန့်မှန်းကြပါတယ်။ အစိုးရရဲ့ အစီအစဉ်သစ်အရ ခိုအာလာရဲ့ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လေ့လာမှုတွေ၊ သုတေသန တွေမှာ အရင်ထက် တိုးမြှင့်သုံးစွဲဖို့ ရည်ရွယ်ပါတယ်။   ၂၀၁၉ ကနေ ၂၀၂၀ အတွင်း သြစတြေးလျမှာ တောမီးကြောင့် ခိုအာလာအကောင်ရေ ၆ သောင်းကျော် သေဆုံးသွားခဲ့တယ်လို့ ကမ္ဘာတလွှား သားရဲတိရစ္ဆာန် စောင့်ရှောက်ရေး ရန်ပုံငွေအဖွဲ့ […]

Most Read

2024-09-23 04:31:37