Breaking News >> News >> Democratic Voice of Burma


ကောလင်းမြို့နယ်၌ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်၊ အမျိုးသမီး ၂ ဦး ဒဏ်ရာရ


Link [2022-01-29 21:33:33]



စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ငပွေးကြီးရပ်ကွက်အစွန်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်လို့ ကန်လည်ကျေးရွာအတွင်းရှိ လူနေအိမ်ပေါ်လက်နက်ကျည်ကျရောက်ကာ  သားအမိနှစ်ယောက် ဒဏ်ရာရပြီး နေအိမ်တလုံး ပျက်စီးသွားတယ်လို့ ကောလင်းပြည်သူ့ကာကွယ်ရေးတပ် (ပကဖ )က ထုတ်ပြန်ပါတယ်။  ဇန်နဝါရီ ၂၇ ရက် ည ၈ နာရီလောက် စစ်ကောင်စီတပ်က ရမ်းသန်းပစ်ခတ်လိုက်တဲ့ ၆၀ မမ ကျည်  ၂ လုံးဟာ ကောလင်းမြို့အရှေ့ဘက် ကန်လည်ကျေးရွာအတွင်းရှိ လူနေအိမ်ပေါ်ကျပြီး  ၁ လုံး က ပေါက်ကွဲသွားတာဖြစ်ပါတယ်။ အဆိုပါနေအိမ်အတွင်းမှာရှိတဲ့ သားအမိ နှစ်ယောက်အနက် အမေဖြစ်သူက ခါး၊ နောက်ကျောနဲ့ ညာဘက်ခြေသလုံးကို ထိမှန်ခဲ့သလို သမီးဖြစ်သူက ဆီးခုံကို ထိမှန်သွားပြီး နောက်တစ်လုံးကတော့ မကွဲသေးဘူးလို့ သိရပါတယ်။ ဒဏ်ရာရ အမျိုးသမီးနှစ်ယောက်ကို  ကျေးရွာ ပကဖ အဖွဲ့ဝင်တွေက […]

Most Read

2024-09-23 04:29:14