Breaking News >> News >> Democratic Voice of Burma


ထိုင်းတွင် မြန်မာအလုပ်သမားများကိုတင်လာသည့်ကား ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး၊ ၁ ဦး ဒဏ်ရာရ


Link [2022-01-29 21:33:33]



ထိုင်းနိုင်ငံအနောက်မြောက်ပိုင်း၊ ကန်ကျနပူရီခရိုင်၊ ဆိုင်းယုတ်မြို့နယ်ထဲမှာ တရားမဝင် မြန်မာရွေ့ပြောင်းလုပ်သား ၁၀ ယောက်ကို တင်ဆောင်လာတဲ့ ကားတစ်စီး  စစ်ဆေးရေးဂိတ်မှာ ရပ်မပေးတဲ့အတွက် ထိုင်းလုံခြုံရေးက သေနတ်နဲ့လှမ်းပစ်ရာမှာ မြန်မာလုပ်သား တစ်ယောက်သေဆုံးပြီး တစ်ယောက် ပြင်းထန်စွာ ဒဏ်ရာရသွားတယ်လို့ ထိုင်းသတင်းမှာဖော်ပြပါတယ်။ ဆိုင်းယုတ်မြို့နယ်  ဆိုင်းထောင်း – ဖူးနွဲ့ရွာကြား ကားလမ်းဘေးရှိတောထဲမှာ  ၂၈ ရက် မနက် ၁၀ နာရီခွဲလောက်က သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတဲ့ အမျိုးသားအလောင်း တစ်လောင်းနဲ့ ဒဏ်ရာပြင်းထန်တဲ့ အမျိုးသမီးတစ်ယောက်လာပစ်ထားတာတွေ့ရှိကြောင်း လူနာတင်ကားက အကြောင်းကြားတဲ့အတွက် အခင်းဖြစ်တဲ့နေရာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုင်းယုတ်ရဲစခန်း တာဝန်ကျရဲအရာရှိက သတင်းထောက်ကို ပြောပါတယ်။ သေဆုံးသူမှာ အသက် ၂၈ နှစ်ရွယ် အောင်စိုးဖြစ်ပြီး ကျည်ဆန် လည်ပင်းမှ နဖူးကို ဖောက်ထွက်ပြီး ဦးနှောက်တွေပွင့်ထွက်နေကြောင်း ၊ လွန်ခဲ့တဲ့ […]

Most Read

2024-09-23 04:35:09