Breaking News >> News >> Democratic Voice of Burma


မန္တလေး၊ အောင်မြေသာစံရပ်ကွက်ရုံး ဗုံးကွဲပြီး တပ်ကြပ်ကြီး ၁ ဦး ဒဏ်ရာရ


Link [2022-01-29 21:33:33]



မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ အောင်မြေသာစံရပ်ကွက်၊ ၁၉ လမ်း၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြားရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ ဇန်နဝါရီ ၂၉ ရက် နေ့လယ် ၁ နာရီလောက်က ဗုံးပေါက်ကွဲခဲ့ပါတယ်။ အမည်မသိ လူနှစ်ယောက်က  ဆိုင်ကယ်နဲ့လာရောက်ပြီး လက်လုပ်ဗုံးနဲ့ ပစ်ခဲ့တာဖြစ်ကာ ရုံးအရှေ့ဘက်ကျ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “နေ့လယ်လောက်က ဖြစ်တာ။ ပေါက်ကွဲမှုဖြစ်ပြီး မကြာဘူး။ လူနာတင်ကားရောက်လာတယ်။ တစ်ယောက်ကို တင်သွားတယ်။” လို့အခင်းဖြစ်ရာ  အနီးနားနေ  ပြည်သူတစ်ယောက်က ပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူဟာ လုံခြုံရေးတာဝန်ကျတဲ့ တပ်ကြပ်ကြီးတစ်ယောက် ဖြစ်ပြီး ဘယ်ဘက်လက် မိုင်းစထိမှန်ခဲ့တာလို့ သိရပါတယ်။

Most Read

2024-09-23 04:40:40