Breaking News >> News >> Democratic Voice of Burma


မြန်မာ့စီးပွားရေးဆုတ်ယုတ်မှု စိုးရိမ်ဖွယ်အခြေအနေဖြစ်နေဟု ကမ္ဘာ့ဘဏ် ပညာရှင်ပြော


Link [2022-01-29 21:33:33]



မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ရေရှည်မှာ သိသိသာသာဆုတ်ယုတ်လာနိုင်ပြီး  ပြည်သူအများစုအတွက်လည်း အင်မတန်စိုးရိမ်စရာ အခြေအနေပဲလို့ ကမ္ဘာ့ဘဏ်ရဲ့ ပညာရှင်တွေက ပြောပါတယ်။ အခု ဇန်နဝါရီ နောက်ဆုံးပတ်မှာ ထုတ်ပြန်လိုက်တဲ့ အတားအဆီးအခက်အခဲတွေနဲ့ ဆက်လက် ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေဆိုတဲ့ အစီရင်ခံစာမှာ မြန်မာ့စီးပွားရေးနဲ့ မြန်မာပြည်သူတို့ဟာ ကိုဗစ်-၁၉ နဲ့ စစ်အာဏာသိမ်းတာတို့ကြောင့် ပြင်းပြင်းထန်ထန် ထိခိုက် ခံစားနေရတုန်းလို့ ဆိုပါတယ်။ ကမ္ဘာ့ဘဏ်ရဲ့ မြန်မာနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနဲ့ လာအိုနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မာရီယမ် ရှာမန်က “မြန်မာနိုင်ငံက ပြည်သူအများစုအတွက် လက်ရှိအခြေအနေနဲ့ ရှေ့ကာလအတွက် ခန့်မှန်းချက်တွေက ဆက်လက်ပြီး အလွန်စိုးရိမ်စရာ အနေအထားမှာ ရှိနေပါတယ်။ လတ်တလောမှာ ပဋိပက္ခတွေ ဆက်တိုက်ဖြစ်လာတာကြောင့် ပထမအချက်အနေနဲ့ လူသားချင်းစာနာထောက်ထားရေး ဆိုင်ရာရှုထောင့်က စိုးရိမ်စရာဖြစ်နေပြီး စီးပွားရေးလုပ်ငန်းတွေအပေါ် နောက်ဆက်တွဲ သက်ရောက်မှုတွေလည်း […]

Most Read

2024-09-23 04:40:21