Breaking News >> News >> Democratic Voice of Burma


ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ရွာကို စစ်တပ်က ဝင်ရောက်ပစ်ခတ်၊ ရွာသားအချို့ကို ဖမ်းဆီး


Link [2022-01-29 21:33:33]



စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ရွာကို စစ်ကောင်စီတပ်က  ဇန်နဝါရီ ၂၉ ရက် မနက် ၆ နာရီလောက်က  ဝင်ရောက် သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် အနည်းဆုံး ရွာသား ၂ ယောက် ဒဏ်ရာရပြီး ရွာသားတချို့ကို ဖမ်းဆီးခံရပါတယ်။ စစ်တပ်ကပစ်ခတ်တာကြောင့် ကျေးရွာသားနှစ်ယောက် ကျည်ဆန်ထိမှန်ခဲ့ပြီး အသက်အန္တရာယ်ကို စိုးရိမ်ရတယ်လို့  ဒေသခံတွေထံက သိရပါတယ်။ ယောက်သွားအိုင်ရွာသားတစ်ယောက်က “မနက်ခင်းအစောကြီး ကျနော်တို့ ကျေးရွာကို ဝင်လာတာဗျ။ ဘာကြောင့်ဝင်လာတယ်တော့မသိဘူးဗျ။ ဝင်လာလာခြင်းတော့ သေနတ်တွေနဲ့ ပစ်တာကတော့ ပေါက်ပေါက်ဖောက်တဲ့အတိုင်းဘဲ။ ပစ်တာကတော့ လက်နက်အကြီးရော၊ အသေးရောပဲ။ အသံတွေကတော စုံနေအောင်ကြားရတယ်ဗျ။ ဘာတွေမှန်တယ်၊ဘာတွေ ပျက်စီးမယ်ဆိုတာတော့မသိရသေးဘူး။ ကိုယ်နဲ့အတူပြေးရင်း လွှားရင်းနဲ့ ရွာသားနှစ်ယောက် ကျည်ထိမှန်ပြီး လဲနေခဲ့တာတော့ ရှိတယ်။ အဲနှစ်ယောက်လည်း သတ်မပစ်ပါစေနဲ့ ဆုတောင်းနေရတယ်။ အခုအထိမနက်ခင်းစာကို မစားရသေးဘူး” […]

Most Read

2024-09-23 04:34:41