Breaking News >> News >> Democratic Voice of Burma


အသံတိတ်သပိတ်ပါဝင်ရန် လူမှုကွန်ရက်တွင် ပြန်လည်မျှဝေထားသူ ခန္တီးမြို့က လူငယ် ၁ ဦး ဖမ်းဆီးခံရ


Link [2022-01-29 09:53:09]



စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇန်နဝါရီ ၂၈ ရက်က အသံတိတ်သပိတ် (Silent Strike) သပိတ်ပါဝင်ဖို့ Facebook လူမှုကွန်ရက်မှာ ရေးသားထားတဲ့စာအား ပြန်လည်မျှဝေထားသူ လူငယ်တစ်ယောက် မတရားဖမ်းဆီးခံခဲ့ရပါတယ်။ ဖမ်းဆီးခံရသူဟာ ကိုထွန်းလင်း ဆိုသူဖြစ်ပြီး ခန္တီးမြို့ မြို့မရပ်မှာ နေထိုင်ကာ စစ်ကောင်စီတပ်သားတွေက နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာလို့ သိရပါတယ်။ “အခုညနေ ၆ နာရီလောက်က သူအိမ်ကို စစ်ကောင်စီတပ်တွေဝင်ရောက်ဖမ်းဆီးသွားတယ်။ သူက က Silent Strike သပိတ်မှာပါဝင်ဖို့ ရေးသားထားတာတွေမရှိဘူး။ တခြားလူတင်တဲ့စာကို ပြန်လည်မျှဝေထားတာပဲ ရှိတယ်” လို့ ဖမ်းဆီးခံရတဲ့ ကိုထွန်းလင်းရဲ့ သူငယ်ချင်းက ပြောပါတယ်။ ‘ပြည်တော်ဝင်ဖို့ ရုန်းကြစို့’ ဆိုတဲ့ အသံတိတ် အာဏာဖီဆန်ရေး လှုပ်ရှားမှုကို ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁၀ […]

Most Read

2024-09-23 04:33:11