Breaking News >> News >> Democratic Voice of Burma


မြောင်မြို့နယ် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး ၂၀ ၀န်းကျင်ဒဏ်ရာရ


Link [2022-01-29 09:53:09]



စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှု ကြောင့် စစ်ကောင်စီတပ်သား ၄ ဦးသေဆုံးပြီး အယောက် ၂၀ ၀န်းကျင် အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ မြောင်မြို့နယ် ကျောက်ရစ်ကျေးရွာကနေ ထွက်ခွာလာတဲ့ စစ်ကောင်စီအင်အား ၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့ပူးပေါင်းပြီး မိုင်း ၃ လုံးခွဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကြောင်းရဲ့ အလယ်ဗဟိုကို ထိမှန်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာလို့ 27 Revolution Forces(မြင်းခြံ) က ထုတ်ပြန်ထားပါတယ်။ ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သား ၂၀ ဝန်းကျင်လောက်ကို ကျေးရွာတရွာမှာ ကုသပေးနေပြီး သေဆုံးသွားသူတွေကိုတော့ တစ်နေရာမှာမြေမြှုပ်ထားခဲ့တယ်လို့ ဆိုပါတယ်။ အဆိုပါတိုက်ပွဲကို   27 Revolution Forces(မြင်းခြံ)၊ Myaung Special People’s Defense […]

Most Read

2024-09-23 04:26:05