Breaking News >> News >> Democratic Voice of Burma


လွိုင်ကော်မြို့အနီး တိုက်ပွဲတွင် စစ်ကောင်စီက တိုက်လေယာဉ် ၂ စီးဖြင့် ဗုံးကြဲ


Link [2022-01-29 09:53:09]



ကယားပြည်နယ် လွိုင်ကော်မြို့အနီးမှာ ဇန်နဝါရီ ၂၈ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့အင်အား ၁၅၀ လောက်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးမှုရှိခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဆီက သိရပါတယ်။ လွိုက်ကော်မြို့ ကျောင်းကုန်းရွာနဲ့ ကုန်းဆွတ်ကျေးရွာအနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီအင်အား ၁၅၀ လောက်ကို  ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က အလစ်အငိုက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ အဲဒီတိုက်ပွဲဟာ ဇန်နဝါရီ ၂၈ ရက် ညနေ ၃ နာရီဝန်းကျင်ကဖြစ်ပွားခဲ့ပြီး တိုက်ပွဲကြာမြင့်ချိန် ၄၅ မိနစ်လောက် ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ တိုက်ပွဲဖြစ်ပွားအပြီး ညနေ ၅ နာရီလောက်အချိန်မှာတော့ စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားရာနေရာကို တိုက်လေယာဉ် ၂ စီးနဲ့ လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပေမယ့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဘက်က အထိအခိုက်အကျအဆုံးမရှိဘူးလို့ လွိုက်ကော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ပွဲမှာ စစ်ကောင်စီတပ်ကို လွိုက်ကော် ပြည်သူ့ကာကွယ်ရေးတပ်ခွဲ ၅ […]

Most Read

2024-09-23 04:39:37