Breaking News >> News >> Democratic Voice of Burma


အင်းတော်မြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း တိုက်ခိုက်ခံရ


Link [2022-01-28 22:17:13]



စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ ဇန်နဝါရီ ၂၇ ရက်က  စစ်ကောင်စီယာဉ်တန်းကို ကေအိုင်အေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က နေရာ ၃ နေရာခွဲပြီး တိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အကျအဆုံးရှိခဲ့တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်နေ သိရပါတယ်။ စစ်ကောင်စီဘက်က အထိအခိုက်အကျအဆုံးအရေအတွက် အတိအကျမသိရပေမဲ့  သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေကို ကားပေါ်တင်သွားတာမြင်တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်က သတင်းပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။ သပိတ်ကျင်း၊တွင်းငယ်ဘက်ကနေ မိုးညှင်းဘက်ကို တက်လာတဲ့စစ်ကောင်စီ ထောက်ပို့ယာဉ်တန်း အစီး ၃၀ ကို  ကေအိုင်အေနဲ့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပူပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အင်းတော်-မဲဇာကြား တနေရာနဲ့  အင်းတော်-မော်လူးကြား နှစ်နေရာကို RPG ၊ လက်နက်ကြီး  လက်နက်ငယ်တွေသုံး တိုက်ခိုက်ခဲ့သလို  မိုင်း ၅ လုံး ဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။ ဇန်နဝါရီ ၂၈ ရက်မှာတော့ စစ်ကောင်စီတပ်အင်အား […]

Most Read

2024-09-23 04:31:24