Breaking News >> News >> Democratic Voice of Burma


ကျိုက်ထိုမြို့နယ်တွင် စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး


Link [2022-01-28 22:17:13]



မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာလမ်းခွဲရှိ စစ်ကောင်စီဂိတ်စခန်းကို ဇန်နဝါရီ ၂၈ ရက် နေ့လယ် ၂ နာရီခွဲလောက်မှာ ဝင်ရောက် တိုက်ခိုက်ခံရတယ်လို့ ကေအန်ယူ တပ်မဟာ(၁) တာဝန်ရှိသူတွေနဲ့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။ အဲဒီစစ်ကောင်စီဂိတ်စခန်းကို ကေအန်ယူလက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ(၁) ၊ တပ်ရင်း(၃) နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေး PDF ပူးပေါင်းအဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးပြီး ၂ ယောက် အပြင်အထန် ဒဏ်ရာရရှိခဲ့ကာ KNLA ပူးပေါင်းအဖွဲ့က ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင်အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ပြောပါတယ်။ ဒေသခံတွေအဆိုရ စစ်ကောင်စီဂိတ်စခန်းတိုက်ခိုက်ခံရပြီး နာရီပိုင်းအကြာမှာပဲ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက […]

Most Read

2024-09-23 04:37:39