Breaking News >> News >> Democratic Voice of Burma


ထိုင်းနိုင်ငံကို တရားမဝင် ဝင်ရောက်လာသည့် မြန်မာအယောက် ၇၀ ကျော် ဖမ်းဆီးခံရ


Link [2022-01-28 22:17:13]



ထိုင်းနိုင်ငံဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသား ၇၃ ယောက်ကို လမ်းပြနဲ့အတူ ဖမ်းမိခဲ့တယ်လို့ ဘန်ကောက်ပို့စ်သတင်းမှာ ဖော်ပြပါတယ်။ သူတို့ကိုတော့ ကန်ချနဘူရီခရိုင်ထဲက နေရာ ၃ ခုမှာ နယ်ခြားစောင့်ကင်းလှည့်တပ်တွေက ဖမ်းဆီးခဲ့တာဖြစ်ပြီး အမျိုးသား ၅၇ ယောက်၊ အမျိုးသမီး ၁၆ ယောက်နဲ့ လမ်းပြအမျိုးသား ၁ ယောက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ကိုဗစ်-၁၉ ရောဂါရှိမရှိ စမ်းသပ်စစ်ဆေးမှုအရ သူတို့အားလုံးကို ကိုယ်အပူချိန်တိုင်း စစ်ဆေးမှုတွေ လုပ်ဆောင်ချိန်မှာတော့ အားလုံးဟာ ဖျားနာနေတဲ့ လက္ခဏာမတွေ့ရဘူးလို့ ဆိုပါတယ်။ သူတို့ဟာ မြန်မာနိုင်ငံ၊ မော်လမြိုင်၊ ပဲခူးနဲ့ ရခိုင်ပြည်နယ်မြို့တွေကတဆင့် လာရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံ၊ ဆမွတ်စာခွန်း၊ ဆမွန်ပရာကန်၊ ရက်ချဘူရီနဲ့ ကန်ချနဘူရီဒေသတွေမှာ အလုပ်လုပ်ရမယ်ဆိုပြီး ခုလိုဝင်ရောက်လာရောက်ခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။ သူတို့တွေထဲက […]

Most Read

2024-09-23 04:33:12