Breaking News >> News >> Democratic Voice of Burma


မြန်မာ-ထိုင်းနယ်စပ် မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်များ ပိတ်သိမ်း


Link [2022-01-28 22:17:13]



ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံဘက်ခြမ်းမှာဖွင့်လှစ်ထားတဲ့  မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းကို ထိုင်းအာဏာပိုင်တွေက ဇန်နဝါရီ ၂၇ ရက်က ပိတ်သိမ်းလိုက်​ပြီလို့ စစ်ဘေးရှောင်တွေဆီက သိရပါတယ်။ လေးကေ့ကော်ဒေသမှာ စစ်ကောင်စီရဲ့တပ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့အတွက် မဲ့ကိုကင်းစစ်ဘေးရှောင်စခန်းမှာ ကျေးရွာ ၁၀ ရွာက ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ စစ်ဘေးရှောင်ခိုလှုံနေရာက ထိုင်းအာဏာပိုင်တွေက အသုတ်လိုက်ပြန်လည် စေလွှတ်ခဲ့ပြီး စခန်းကို ပိတ်သိမ်းလိုက်တာလို့ ဆိုပါတယ်။ တာခ်ခရိုင်၊ မဲဆောက်မြို့နယ်၊ မဟာဝမ်းတိုက်နယ်၊ မဲ့ကိုကင်းရွာအနီး ယာယီခိုလှုံနေတဲ့  စစ်ရှောင်ဒုက္ခသည်တွေ ၁၀၀ လောက်ဟာ  ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီ ကျော်မှာ နောက်ဆုံးအသုတ်အဖြစ် မြန်မာနိုင်ငံဘက်ကို ပြန်သွားကြပြီဖြစ်လို့ စခန်းပိတ်သိမ်းလိုက်တာ လည်းဖြစ်ပါတယ်။ စစ်ရှောင်ခိုလှုံနေရတဲ့ ဒေသခံတွေဟာ နှစ်ဖက်တိုက်ပွဲတွေ ဖြစ်ပွားနေသေးတဲ့အတွက်  မြန်မာဘက်ခြမ်း သောင်းရင်းမြစ်ကမ်း​ဘေးမှာ […]

Most Read

2024-09-23 04:28:04