Breaking News >> News >> Democratic Voice of Burma


ဂန့်ဂေါမြို့နယ်၌ တစ်နှစ်အတွင်း အသက်မပြည့်ကလေးငယ်များ အပါအဝင် ၇၆ ဦး ကျဆုံး


Link [2022-01-28 22:17:13]



မကွေးတိုင်း ဂန့်ဂေါမြို့နယ်မှာ စစ်ကောင်စီတပ်တွေအာဏာသိမ်းပြီး တစ်နှစ်အတွင်း အသက် ၁၈ နှစ်မပြည့်တဲ့ ကလေးငယ် ၁၄ ယောက်အပါဝင် ၇၆ ယောက်ကျဆုံးခဲ့တယ်လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇန်နဝါရီလ ၂၇ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။ ဂန့်ဂေါမြို့နယ်ထဲမှာ ၂၀၂၁ ဖေဖော်ဝါရီလကနေ အခုနှစ် ဇန်နဝါရီလအထိ အရပ်သားပြည်သူ ၃၂ ယောက်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရဲဘော် ၄၄ ယောက် တိုင်းပြည်အတွက် အသက်ပေးလိုက်ရတယ်လို့ ဂန့်ဂေါ(ပ.အ.ဖ) ရဲ့ တာဝန်ရှိသူတစ်ယောက်က  ပြောပါတယ်။ အဲဒီကျဆုံးတဲ့ အထဲမှာ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် နှမ်းခါးရွာက ပြည်သူ ၉ ယောက်၊ မြင်သားရွာကိုဝင်ရောက် အကြမ်းဖက်သတ်ဖြတ်ခဲ့တာကြောင့် ပြည်သူ ၁၈ ယောက်၊ အသက် ၁၈ နှစ်အောက် ကျဆုံးလူငယ် ၁၄ […]

Most Read

2024-09-23 04:24:20