Breaking News >> News >> Democratic Voice of Burma


ရုရှား၏ လုံခြုံရေးဆိုင်ရာတောင်းဆိုချက် အမေရိကန် အကြောင်းပြန်


Link [2022-01-28 10:35:18]



ရုရှားရဲ့ လုံခြုံရေးဆိုင်ရာ တောင်းဆိုချက်တွေနဲ့ ပတ်သက်တဲ့ တုံ့ပြန်ချက်ကို အမေရိကန်က ဇန်နဝါရီ ၂၆ ရက်မှာ စာနဲ့ အကြောင်းပြန်ကြားလိုက်တယ်လိ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်ထော်နီဘလင်ကန်က ပြောလိုက်ပါတယ်။ ယူကရိန်းနယ်စပ်နားက ကုန်းမြေနဲ့ ပင်လယ်ပြင်မှာပါ စစ်ရေးလေ့ကျင့်နေတဲ့ ရုရှားကြောင့် သံတမန် ဆက်ဆံရေး ထိလွယ်ရှလွယ် ဖြစ်နေချိန်မှာ အခုလို စာပို့လိုက်တာပါ။ ရုရှားဆိုင်ရာ အမေရိကန်သံအမတ်ကြီးက ရုရှားအစိုးရကို လူကိုယ်တိုင် လက်ဆင့်ကမ်းပေးခဲ့တဲ့ စာရွက်စာတမ်းတွေထဲမှာ ရုရှားရဲ့ စိုးရိမ်ချက်တွေကို ဖြေရှင်းပေးထားတယ်လို့ ဘလင်ကန်က ပြောပါတယ်။ အရှေ့ဥရောပကနေ နေတိုးတပ်တွေနဲ့ လက်နက်တွေ ပြန်ဆုတ်ခွာဖို့နဲ့ ယူကရိန်းကို နေတိုးအဖွဲ့ဝင် မဖြစ်အောင်တားဖို့ ရုရှားရဲ့ တောင်းဆိုချက်တွေနဲ့ ပတ်သက်ပြီး ဒီအချက်တွေ အားလုံးမှာ နေတိုးဘက်က စတာမဟုတ်ကြောင်း အမေရိကန် အစိုးရက ရှင်းအောင် ပြောခဲ့ပါတယ်။ ဒါ့အပြင် […]

Most Read

2024-09-23 04:38:34